Myanmar Film Nights 2023 Program  (ไทย/Eng/မြန်မာ)

ตารางฉายหนัง  |Screening Schedule | ရုပ်ရှင်ပြသမည့်ချိန်ဇယား

วันพุธ  1 ก.พ. 
เรือนร้อยฉนำ, กรุงเทพ

19:00 Belue Gadone by Anonymous
19:10 Myanmar Diaries by Myanmar Film Collective
21:10 My Lost Nation by Na Gyi
21:20 The Red by H

วันเสาร์ 4 ก.พ. 
สนามบาส คณะสังคมฯ มช, เชียงใหม่ 

18:30 Last Summer by Daphne Moradokpana
18:50 Letter to a Bird by Filmbuff
19:00 Myanmar Diaries by Myanmar Film Collective

วันเสาร์ 5 ก.พ.
 
สนามบาส คณะสังคมฯ มช, เชียงใหม่ 

18:40 Innocent Victim by Tu Loon
18:50 Blank by Human Color
19:00 Soil Without Land by Nontawat Numbenchapol
20:10 Where is My Human Rights? by James
20:20 X Y Z and then A by Creatio
20:40 Belue Gadone by Anonymous
Wed, Feb 1 
Ruen Roi Chanam, BKK 

19:00 Belue Gadone by Anonymous
19:10 Myanmar Diaries by Myanmar Film Collective
21:10 My Lost Nation by Na Gyi
21:20 The Red by H

Sat, Feb 4 
Basketball Court, Faculty of Social Sciences CMU, Chiang Mai 

18:30 Last Summer by Daphne Moradokpana
18:50 Letter to a Bird by Filmbuff
19:00 Myanmar Diaries by Myanmar Film Collective

Sun, Feb 5 
Basketball Court, Faculty of Social Sciences CMU, Chiang Mai 

18:40 Innocent Victim by Tu Loon
18:50 Blank by Human Color
19:00 Soil Without Land by Nontawat Numbenchapol
20:10 Where is My Human Rights? by James
20:20 X Y Z and then A by Creatio
20:40 Belue Gadone by Anonymous
ဖေဖော်ဝါရီလ ၁ ရက် ဗုဒ္ဓဟူးနေ့။
Ruen Roi Chanam ၊ ဘန်ကောက်

19:00 Belue Gadone by Anonymous
19:10 Myanmar Diaries by Myanmar Film Collective
21:10 My Lost Nation by Na Gyi
21:20 The Red by H

ဖေဖော်ဝါရီလ ၄ ရက် စနေနေ့။ 
ဘတ်စကတ်ဘောကွင်, Faculty of Social Sciences CMU, ချင်းမိုင်

18:30 Last Summer by Daphne Moradokpana
18:50 Letter to a Bird by Filmbuff
19:00 Myanmar Diaries by Myanmar Film Collective

ဖေဖော်ဝါရီလ ၅ ရက် စနေနေ့။
ဘတ်စကတ်ဘောကွင်, Faculty of Social Sciences CMU, ချင်းမိုင်

18:40 Innocent Victim by Tu Loon
18:50 Blank by Human Color
19:00 Soil Without Land by Nontawat Numbenchapol
20:10 Where is My Human Rights? by James
20:20 X Y Z and then A by Creatio
20:40 Belue Gadone by Anonymous
Belue Gadone

Belue Gadone
Anonymous (2022, Myanmar, 7.43 min)
Run Time: Feb 1, 19:00 and Feb 5, 20:40
.
เรื่องราวของชายหนุ่ม (ยักษ์) ผู้สูญเสียขาไประหว่างการต่อสู้และเด็กนักเรียนผู้เสียชีวิตในสงครามที่ยังคงรอคอยการติดต่อกลับมาของคนรักอย่างจดจ่อโดยหวังว่าคนรักจะไม่ลืมพวกเขา

With a heartbroken young man (monster) who lost his leg during a battle and a young student who died in the war are still waiting for a bond and a connection so that their loved ones will not forget them.

တိုက်ပွဲအတွင်း ခြေတစ်ဖက်ပြတ်သွားပြီး အသည်းကွဲနေသော လူရွယ်တစ်ဦး(ဘီလူး)နှင့် စစ်ပွဲကြောင့်သေဆုံးသွားသော ကျောင်းသားကလေးငယ်တစ်ဦးတို့သည် မပြတ်သေးသော သံယောဇဉ်တို့နှင့် ချစ်ရသူများ သူတို့ကို မေ့မသွားရန် ဆက်သွယ်မှုကို စောင့်မျှော်နေလျက် . . .
.
*ไม่ประสงค์เปิดเผยข้อมูลผู้กำกับภาพยนตร์/prefer not to share the filmmaker’s bio/ရုပ်ရှင်ရိုက်ကူးသူ၏ ကိုယ်ရေးအကျဉ်းကို မမျှဝေလိုပါ။

Blank

Blank
Human Color (2022, Myanmar, 7.01 min)
Run Time: Feb 5, 18:50
.
กลุ่มสหภาพนักเรียน (Basic Education Students’ Union-ABFSU) ได้ก่อตั้งขึ้นมาหลังรัฐประหาร 2021 และมีบทบาทต่อต้านแบบซุ่มโจมตีทหารเมียนมาในย่างกุ้ง เมื่อวันที่ 21 กุมภาพันธ์ 2021 ซึ่งครบรอบ 1 ปี รัฐประหาร ทางสมาชิกกลุ่ม ABFSU กว่า 40 คน รวมถึง โก ญี มิน ตู่ ประธานสหภาพ ก็ได้ปะทะกับกองทัพเมียนมาในเขตเจ่าก์ตะดา ต่อมาเมื่อวันที่ 25 กุมภาพันธ์ 2021 กองทัพก็ได้ไปบุกโจมจีเซฟเฮ้าส์ของพวกเขาในเขตมยันโกง ทำให้มีสมาชิก 7 คน ถูกจับ และโก ญี มิน ตู่ ถูกยิงเสียชีวิต สารคดีเรื่องนี้ได้ฉายให้เห็นถึงมุมมองและจุดยืนของพ่อแม่ โก ญี มิน ตู่ ที่มีต่อลูกและความปรารถนาที่จะทวงคืนความยุติธรรมให้กับลูกชายของตน

Ko Nyi Min Thu, the president of the Basic Education Students’ Union (ABFSU), was founded after the 2021 military coup, and his comrades implemented guerilla strikes in Yangon. On 21st February 2022, about 40 ABFSU members including Ko Nyi Min Thu struck against the junta in Kyauk Ta Dar Township in Yangon as 1 year anniversary of the coup. As a result, their safe house in Ma Yan Gone Township was raided by junta troops on 25th February 2022. After the raid, 7 ABFSU members were arrested and Ko Nyi Min Thu was shot dead on the scene by junta troops. This documentary features the political stands of his parents, their views on him, and the justice they want for their son.

2021ခုနှစ် အာဏာသိမ်းမှု အပြီးမှာ ထပ်မံဖွဲ့စည်းခဲ့တဲ့ အခြေခံကျောင်းသားများ သမဂ္ဂ(အကသ)ရဲ့ ဥက္ကဌ ဖြစ်သူ ကိုညီမင်းသူနဲ့ သမဂ္ဂရဲဘော်တွေဟာ ရန်ကုန်မြို့မှာ ပြောက်ကြားသပိတ်တွေကို ဖော်ဆောင်ခဲ့ပါသည်။ အာဏာသိမ်းမှု တစ်နှစ်ပြည့်အနေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှာ လူအင်အား လေးဆယ်ခန့်နဲ့ ပြောက်ကြားသပိတ်တစ်ခုကို ကျောက်တံတားမြို့နယ်မှာ ဖော်ဆောင်ခဲ့ပါသည်။ နောက်ဆက်တွဲအနေနဲ့ ကိုညီမင်းသူတို့ရဲ့ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ Safe House ကို စစ်ကောင်စီက ခြေရာခံမိပြီး ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှာ ၀င်ရောက် စီးနင်းခဲ့ပါတယ်။ ထိုစီးနင်းမှု အပြီးမှာ သမဂ္ဂရဲဘော်(၇)ဦး ဖမ်းဆီးခံခဲ့ရပြီး ကိုညီမင်းသူကတော့ ၀င်ရောက်စီးနင်းခံရတဲ့ နေရာမှာပဲ စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ဒီမှတ်တမ်းရုပ်ရှင်မှာ ကိုညီမင်းသူ မိဘနှစ်ပါးရဲ့ နိုင်ငံရေး ခံယူချက်၊ သားဖြစ်သူအပေါ် သဘောထားနဲ့ သူတို့လိုချင်တဲ့ သားဖြစ်သူအတွက် တရားမျှတမှုကို ကြည့်ရှု့ရမှာဖြစ်ပါသည်။
.
*ไม่ประสงค์เปิดเผยข้อมูลผู้กำกับภาพยนตร์/prefer not to share the filmmaker’s bio/ရုပ်ရှင်ရိုက်ကူးသူ၏ ကိုယ်ရေးအကျဉ်းကို မမျှဝေလိုပါ။

Innocent Victim

Innocent Victim
Tu Loon (2022, Myanmar, 5.58 min)
Run Time: Feb 5, 18:40
.
เรื่องราวของครอบครัวชาวคะฉิ่นที่อาศัยอยู่ในค่ายผู้ลี้ภัยสงคราม ซึ่งถูกทหารเมียนมาโจมตีด้วยกระสุนและระเบิดอีกครั้ง แต่ครั้งนี้พวกเขาไม่มีที่ให้วิ่งหนีไปไหนได้อีก ชายหนุ่มผู้สูญเสียภรรยาและลูกสาวได้เล่าเรื่องราวถึงเหตุการณ์วันนั้นและยังคงรอคอยวันที่ความยุติธรรมเดินทางมาถึง

A family is sheltered in a refugee camp because of the war in their village. The Burmese army’s bullets and bombs still flew toward their refugee camp again. There is no place to run, for the lives of these ethnic people. A heartbroken father told the story of his dead wife and daughter for justice.

ရွာတွင်စစ်ဖြစ်သဖြင့် စစ်ဘေးရှောင်စခန်းဆီ ခိုလှုံခဲ့သောမိသားစု၊ စစ်ဘေးရှောင်စခန်းအထိ ထပ်မံဝဲပျံလာသော မြန်မာစစ်တပ်၏ ကျည်ဆန်များနှင့် လက်နက်များ၊ ပြေးစရာမြေမရှိတော့‌သော တိုင်းရင်းသားတို့၏ ဘဝများ၊ သေဆုံးခဲ့ရသော မိနိးမနှင့်သမီးအတွက် ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်က ပြောပြသော တရားမျှတမှုဆိုသည်မှာ . . .
.
*ไม่ประสงค์เปิดเผยข้อมูลผู้กำกับภาพยนตร์/prefer not to share the filmmaker’s bio/ရုပ်ရှင်ရိုက်ကူးသူ၏ ကိုယ်ရေးအကျဉ်းကို မမျှဝေလိုပါ။

Last Summer

Last Summer
Daphne Moradokpana (2015, Myanmar, 19.09 min)
Run Time: Feb 4, 18:30
.
ความทรงจำถึงวันปิดเทอมฤดูร้อนของเด็กชายปกาเกอะญอวัย 9 ขวบในหมู่บ้านเล็ก ๆ แห่งหนึ่ง ณ ริมขอบแดนรัฐกะเหรี่ยง ประเทศพม่า และบางเรื่องราวที่ทำให้ชีวิตของเขาเปลี่ยนไปตลอดกาล เรื่องนี้เป็นผลงานลำดับที่สองของกลุ่มนักเรียนปกาเกอะญอจากศูนย์การเรียนช่าทูเหล่

One summer holiday, a nine-year-old Karen boy living in a small village on the edge of the Karen state experiences something that changes his life forever. ‘Last Summer’ is the second film by a group of Karen students from Hsa Too Lei School.

နွေရာသီအားလပ်ရက်တစ်ရက်မှာ ကရင်ပြည်နယ်အစွန်အဖျားရွာလေးတစ်ရွာမှာနေတဲ့ ကိုးနှစ်အရွယ် ကရင်ကောင်လေးတစ်ယောက်က သူ့ဘဝတစ်ခုလုံးပြောင်းလဲစေခဲ့တဲ့အရာတစ်ခုကြုံလိုက်ရသည့် အကြောင်း . . .
“Last Summer” က ဆာသူလေးကျောင်းမှ ကျောင်းသားအဖွဲ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်တို ဖြစ်ပါသည်။
.

ดาโพ มรดกพนา ผู้สร้างภาพยนตร์ชาวปกาเกอะญอ เกิดและเติบโตที่ชายแดนไทย-พม่าและใช้ชีวิตในวัยเด็กช่วงหนึ่งในค่ายผู้อพยพ เชื่อว่าการบอกเล่าเรื่องราวอีกมากมายเกี่ยวกับคนชายขอบจะช่วยให้คนเมืองเข้าใจปัญหาที่ฝังรากลึกได้มากขึ้น แทนที่จะเหมารวมว่าเขาเป็นตัวสร้างปัญหา

ดาโพเริ่มต้นงานทำหนังด้วยการเขียนบทและถ่ายภาพให้กับทีมเพื่อน ๆ ชาวปกาเกอะญอจากศูนย์การเรียนเด็กข้ามชาติช่าทูเหล่ อ.แม่สอด เรื่อง The Misplaced Flower (2557, เกี่ยวก้อย 5, รางวัลช้างเผือกพิเศษชนะเลิศ เทศกาลหนังสั้นครั้งที่ 18) เขาหันมาเขียนบทและกำกับเองโดยร่วมงานกับเพื่อนกลุ่มเดิมในปีต่อมา คือ Last Summer (2558, เกี่ยวก้อย 6, รางวัลช้างเผือกพิเศษชนะเลิศ เทศกาลหนังสั้นครั้งที่ 19) และ Last Year in A Refugee Camp (2559, เกี่ยวก้อย 7, รางวัลช้างเผือกพิเศษชนะเลิศ เทศกาลหนังสั้นครั้งที่ 20)

ปัจจุบันดาโพเป็นอาสาสมัครและยังคงสื่อสารเรื่องราวของพี่น้องกะเหรี่ยงอยู่

Daphne Moradokpana is a Pga K’nyaw (Karen) filmmaker who was born and raised on the Thai-Burma border and spent part of his childhood in a refugee camp. He believes that telling more stories about marginalized people will help urbanites better understand their deep-rooted problems, instead of assuming that they are troublemakers.

He began his film area by writing and photographing for a team of Pga K’nyaw friends from the Cha Thule Migrant Learning Center in Mae Sot, Tak, titled The Misplaced Flower (2014, Kiew Koi 5th, Special White Elephant Winner Award at the 18th Short Film Festival). Then, he turned to write and direct by himself in collaboration with the same group of friends the following year which was Last Summer (2015, Kiew Koi 6th, Special White Elephant Winner Award at the 19th Short Film Festival) and Last Year in A Refugee Camp (2016, Kiew Koi 7th, Special White Elephant Winner Award at the 20th Short Film Festival)

Daphne is now a volunteer and continuing to tell stories of the Karen.

ဒါဖို သည် ကရင်လူမျိုးရုပ်ရှင်ဖန်တီးသူတစ်ဦးဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့ပြီး အဲ့ဒီအရပ်ဒေသမှာပဲကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်ပါသည်။ မြို့ပြမှာနေထိုင်ကြတဲ့သူတွေက လူ့မှုအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံထားရတဲ့ သူတို့လိုလူတွေဟာ ပြဿနာဖန်တီးကြသူတွေလို့ ယူဆနေခြင်းကို သူတို့ဘဝမှာ အမြစ်တွယ်နေတဲ့ပြဿနာတွေရဲ့အကြောင်း၊ ဇာတ်လမ်းတွေကနေ တစ်ဆင့် ပြောပြခြင်းက ပိုပြီးနားလည်မှုရှိလာစေမယ်လို့ သူကယုံကြည်ပါသည်။

ဒါဖို က The Misplaced Flower (၂၀၁၄, ၁၈ ကြိမ်မြောက် ထိုင်းရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ၊ ၅ ကြိမ်မြောက် Kiew Koi၊ Special White Elephant ဆုရ)အမည်ရတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကို တာ့ခ်ခရိုင် မဲဆောက်မြို့က ဆာသူးလေး ရွှေ့ပြောင်းကလေးငယ်များစာသင်ကျောင်းမှ ကရင်လူမျိုး သူငယ်ချင်းအဖွဲ့အတွက် ဇာတ်ညွှန်းရေးသားပြီး ရုပ်ရှင်ရိုက်ကူးပေးခဲ့ခြင်းကနေ ရုပ်ရှင်ရိုက်ကူးသူဘဝကို အစပြုခဲ့ပါသည်။ နောက်တစ်နှစ်မှာပဲ သူကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ Last Summer (၂၀၁၅, ၁၉ ကြိမ်မြောက် ထိုင်းရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ၊ ၆ ကြိမ်မြောက် Kiew Koi၊ Special White Elephant ဆုရ) နဲ့ Last Year in A Refugee Camp (၂၀၁၅, ၂၀ ကြိမ်မြောက် ထိုင်းရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ၊ ၇ ကြိမ်မြောက် Kiew Koi၊ Special White Elephant ဆုရ) ရုပ်ရှင်ဇာတ်လမ်းတိုများကို သူ့ရဲ့သူငယ်ချင်းအဖွဲ့ နဲ့ အတူတကွဖန်တီးခဲ့ပါသည်။

အခုလက်ရှိမှာတော့ ဒါဖိုက စေတနာ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ဆောင်နေပြီး တစ်ဖက်မှာလည်း ကရင်လူမျိုးတွေအကြောင်း ဇာတ်လမ်းတွေနဲ့ ဆက်လက်ပြီး ဖန်တီးနေပါသည်။

Letter to a Bird

Letter to a Bird
The Filmbuff (2017, Myanmar, 6.15 min)
Run Time: Feb 4, 18:50
.
หนังสั้นที่ว่าด้วยเรื่องความรัก ความตาย และเสรีภาพ ถ่ายทอดผ่านบทกวีมากกว่าจะเป็นสารคดี หนังสั้นเรื่องนี้เคยฉายในเทศกาล Wathann Film Festival ที่เมียนมาเมื่อปี 2017 ประเภทรายการประกวดหนังสั้น

The film is about love, death, and freedom, it’s a rather visual poem than a documentary. This experimental short film used to be shown at Wathann Film Festival Myanmar in 2017 under the short film competition category.

ဒီဇာတ်ကားသည် ချစ်ခြင်း၊ သေဆုံးခြင်းနဲ့ လွတ်လပ်ခြင်းအကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ထက်ပိုသည့် အမြင်အခြေပြု ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ဒီစမ်းသပ်ရုပ်ရှင်တို(experimental short film)ကို ၂၀၁၇ ခုနှစ် ဇာတ်လမ်းတိုပြိုင်ပွဲအမျိုးအစား ခေါင်းစဥ်အောက်မှ Wathann Film Festival Myanmar တွင် ပြသခဲ့ဖူးပါသည်။
.
Filmbuff เป็นกลุ่มที่ตอนนี้ผู้กำกับต่างกระจายอยู่กันคนละสถานที่และเวลา โดยผู้กำกับแต่ละคนมีภูมิหลังทำงานเพื่อสังคมแตกต่างกันและมาจากทั่วประเทศเมียนมา

The Filmbuff is a film collective where the filmmakers are now based in different spaces and times. All the filmmakers from the Filmbuff collective come from different social backgrounds and from across the country.

Filmbuff သည် ယခုအခါတွင် အချိန်၊ နေရာ မတူညီသည့်နေရာတွင် အခြေချနေကြသော ရုပ်ရှင်ဖန်တီးသူများထံမှ စုစည်းပုံဖော်ထားသော ရုပ်ရှင်ကား တစ်ကားဖြစ်ပါသည်။ Filmbuff မှ ရိုက်ကူးသူများအားလုံးသည် နိုင်ငံတ၀ှမ်း နောက်ခံအခြေအနေမတူညီသော လူမှုအ၀န်းအ၀ိုင်းများမှ ဖြစ်ကြသည်။

My Lost Nation

My Lost Nation
Na Gyi (2022, Myanmar, 7.33 mins)
Run Time: Feb 1, 21:10
.
ตั้งแต่กองทัพเมียนมาเริ่มใช้ความรุนแรงปราบปรามผู้ประท้วงในใจกลางเมืองย่างกุ้งหลังรัฐประหาร หนุ่มสาวจำนวนมากหันไปเข้าป่าฝึกอาวุธ หลายคนจากบ้านมาอยู่ในเขตพื้นที่ป่าชายแดนไทย-เมียนมาที่แสนห่างไกล พวกเขารู้สึกเหนื่อย รู้สึกผิด คิดถึงบ้าน และหลายคนต้องสละลมหายใจเพื่ออนาคตของคนที่เหลือ

Since the Myanmar military has been violently crackdown the peaceful protestors in Yangon after the 2021 coup, a flood of young people has fled to the remote amid the jungle in Thai-Myanmar border areas and trained in combat. Most of them feel exhausted, guilty and miss their home. Some of those brave young people have to lose their breath to save the rest.

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူများကို ဗမာစစ်တပ်မှ ရက်ရက်စက်စက်ဖြိုခွင်းခဲ့သောကြောင့် လူငယ်အများစုမှာ ထိုင်းမြန်မာနယ်စပ်ရှိ တောများထဲသို့ ထွက်ပြေးတိမ်းရှောင်ကြရကာ စစ်သင်တန်းများ တက်ရောက်ခဲ့ကြသည်။ သူတို့အားလုံးနီးပါး ပင်ပန်းနွမ်းနယ်ခြင်း၊ လိပ်ပြာမလုံခြင်း၊ အိမ်ကို လွမ်းဆွတ်တမ်းတခြင်းများ ခံစားနေရသည်။ သူတို့ထဲမှ သတ္တိပြောင်သော အရွယ်ကောင်းတချို့မှာ အရာအားလုံးကိုကယ်တင်နိုင်ရန်အတွက် သူတို့၏ အသက်ကို စတေးရန် အသင့်ရှိနေကြသည်။
.
นะจี เป็นนักเขียน ผู้ผลิต และผู้กำกับภาพยนตร์ชาวเมียนมา เช่นเรื่อง “Mi” (2019) และ “What Happened to the Wolf?” (2021) โดยเรื่อง Mi ได้รับรางวัลผู้กำกับภาพยอดเยี่ยมจากงาน AIFFA (2019) และงาน STAR AWARDS (2019) ส่วน “What Happened to the Wolf” ได้รับรางวัลสารคดีเล่าเรื่องยอดเยี่ยมจาก Dili International Film Festival (2021) และรางวัลภาพยนตร์ยอดเยี่ยมที่ Hobnobben International Film Festival (2022) นะจีถือว่าเป็นผู้กำกับที่โดนเด่นมากในเมียนมา

หลังการรัฐประหารเดือนกุมภาพันธ์ 2021 รัฐบาลทหารได้จับกุมและคุมขังประชาชนที่ร่วมเคลื่อนไหวต่อต้านรัฐประหารและอารยะขัดขืนหลายพันคน หลายคนต้องหนีออกจากประเทศ และนะจีก็เป็นหนึ่งในนั้น รัฐบาลทหารได้ออกหมายจับเขาตามมาตรา 505 (A) ซึ่งตอนนี้เขายังคงซ่อนตัวอยู่

Na Gyi is a (Myanmar) writer, producer, and director, known for his feature films, “Mi” (2019) and “What Happened to the Wolf?” (2021). His debut feature film “Mi” won the best director of photography award at AIFFA (2019) and STAR AWARDS (2019). His second feature film “What Happened to the Wolf” won the best narrative feature award at Dili International Film Festival (2021), and the best film award at Hobnobben International Film Festival (2022). Na Gyi is considered a promising and prominent filmmaker in Myanmar Cinema.

After the February 2021 coup d’état in Myanmar, the military junta violently captured and imprisoned thousands of people who participated in anti-coup and civil disobedience movements. Many protestors had to flee the country, and Na Gyi was among them. The ruling junta issued an arrest warrant under section 505 (A) against him. Na Gyi is still in hiding.

ဏကြီးသည် မြန်မာနိုင်ငံမှဖြစ်ပြီး စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ တစ်ဦးဖြစ်သည်။ ၂၀၁၉ တွင်ရိုက်သော “မီ” ရုပ်ရှင်ဇာတ်ကားနှင့် ၂၀၂၁ တွင်ရိုက်ကူးသည့် “ What Hanppened to the Wolf” ရုပ်ရှင်တို့မှာ အထူးထင်ရှားသည်။ သူ၏ ပွဲဦးထွက်ရုပ်ရှင် “မီ” သည် ၂၀၁၉ခုနှစ်၏ AIFFA နှင့် STAR AWARDS ဆုပေးပွဲများတွင် အကောင်းဆုံးဓါတ်ပုံဒါရိုက်တာဆု ဆွတ်ခူးခဲ့သည်။ သူ့ ဒုတိယရုပ်ရှင် “What Hanppened to the Wolf” သည်လည်း နိုင်ငံတကာရုပ်ရှင်ပွဲတော် များဖြစ်သော Dili International Film Festival တွင် ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆုရရှိခဲ့ပြီး Hobnobben International Film Festival တွင် ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့သည်။ ဏကြီးသည် မြန်မာ့ရုပ်ရှင်လောကတွင် အလားအလာရှိသော၊ ထင်ရှားကျော်ကြားသော ရုပ်ရှင်ဖန်တီးသူတစ်ယောက် အဖြစ် သတ်မှတ်ခြင်းခံရသူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ကြသူများနှင့် စစ်တပ်ကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်သူထောင်ပေါင်းများစွာအား စစ်အာဏာရှင်တစ်စုက အကြမ်းဖက် ဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ အာဏာသိမ်းဆန့်ကျင်သူ အများစုမှာ မြန်မာနိုင်ငံမှ ထွက်ပြေးစွန့်ခွာလာကြရပြီး ထိုအထဲတွင် ဏကြီးလည်း အပါအ၀င်ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက ဏကြီးကို ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ထားသည်။ ဏကြီးသည် ယခုတိုင် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

Myanmar Diaries

Myanmar Diaries
Myanmar Film Collective (2022, Myanmar-Netherlands-Norway, 70 mins)
Run Time: Feb 1, 19:10 and Feb 4, 19:00
.
หลังเหตุการณ์รัฐประหารในเมียนมา ชีวิตความเป็นไปของผู้คนที่นั่นกลายเป็นเรื่องเร้นลับ แทบไม่ปรากฏต่อสื่อมวลชนกระแสหลักในโลก กลุ่ม “Myanmar Film Collective” จึงถูกก่อตั้งขึ้นโดยคนทำหนังรุ่นเยาว์จำนวนหนึ่งซึ่งไม่เปิดเผยนาม เพื่อถ่ายทอดเรื่องราวของชาวเมียนมาด้วยวิธีเลือนเส้นแบ่งระหว่างความจริงกับเรื่องแต่ง ผสานเรื่องเล่าจากมุมมองของบุคคลที่หนึ่ง เข้ากับฟุตเทจบันทึกความรุนแรงของเหตุการณ์จากการถ่ายทำของเหล่าสื่อพลเมืองผู้เต็มไปด้วยจิตวิญญาณขบถ

Hidden from the world’s TV cameras, life under Myanmar’s junta of terror in the aftermath of last year’s military coup has been largely invisible. As an act of creative resistance, the anonymous Myanmar Film Collective composed this feature-length film by blurring reality and fiction, all segments from their first-person perspective, woven together with blood-chilling eye-witness footage in the form of citizen journalism.

စစ်တပ်အာဏာသိမ်းမှုအပြီးတွင် အကြောက်တရားအောက်ရှိဘဝများသည် ကမ္ဘာ့တီဗီကင်မရာများပေါ်တွင် ဖုံးကွယ်ခံခဲ့ရ၊ ပျောက်ကွယ်ခဲ့ရပေသည်။ ကွန့်မြူးတော်လှန်သော လုပ်ရပ်တစ်ခုအဖြစ် အမည်မဖော်လိုသည့် Myanmar Film Collective သည် အဖြစ်မှန်နှင့် ရသစာပေကို မှုန်ဝါးဝါးဖြင့် ဇာတ်အိမ်တည်ကာ နိုင်ငံသား ဂျာနယ်လစ်ဇင်ပုံစံဖြင့် သွေးအေးစေသော မျက်မြင်သက်သေ ဗီဒီယိုများနှင့် ပေါင်းစပ်ဖန်တီးထားပါသည်။
.
Myanmar Film Collective เป็นกลุ่มผู้สร้างภาพยนตร์รุ่นใหม่ที่ไม่เปิดเผยตัวตนในเมียนมา ร่วมกับกลุ่มผู้เชี่ยวชาญด้านภาพยนตร์ชาวยุโรปที่ไม่เปิดเผยตัวตน ซึ่งมุ่งมั่นที่จะสร้างภาพยนตร์หลังจากเหตุการณ์รัฐประหารเมื่อวันที่ 1 กุมภาพันธ์ เพื่อแสดงถึงการต่อต้านอย่างสร้างสรรค์

The Myanmar Film Collective is a group of anonymous young filmmakers in Myanmar along with an anonymous group of European film professionals determined to keep making films in the aftermath of the military coup of February 1st as an act of creative resistance.

Myanmar Film Collective သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် တီထွင်ဖန်တီးတော်လှန်သောလုပ်ရပ်အဖြစ် အမည်မဖော်သူ ဥရောပရုပ်ရှင် ပညာရှင်များနှင့်အတူ မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင်များ ဆက်လက်ရိုက်ကူးရန် ဆုံးဖြတ်ထားသော အမည်မဖော်သူ ရုပ်ရှင်ရိုက်ကူးသည့် လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Soil Without Land

Soi without Land
Nontawat Numbenchapol (2019, Thailand, 80 mins)
Run Time: Feb 5, 19:00
.
ภาพยนตร์เรื่องนี้ถ่ายทำในพื้นที่ชายแดนเมียนมาและภาคเหนือของไทย เป็นพื้นที่กันชนในรัฐฉานที่ผู้ลี้ภัยชาวไทใหญ่หนีสงครามชาติพันธุ์ในเมียนมาอาศัยอยู่ เป็นเขตพื้นที่ปกครองตนเองโดยกองทัพไทใหญ่ที่มีภารกิจในการปลดปล่อยชาวไทใหญ่จากเมียนมา

ด้วยประวัติศาสตร์อันยาวนานของสงครามและอคติที่มีต่อเมียนมา ทำให้รัฐบาลไทยมองว่าเมียนมาเป็นภัยคุกคามต่อความมั่นคงไทย เมื่อเมียนมาเปลี่ยนผ่านไปสู่ความเป็นประชาธิปไตยมากขึ้น ไทยกลับถอยหลังไปสู่การปกครองแบบเผด็จการทหาร การต้องติดอยู่ท่ามกลางความไม่แน่นอนของทั้งสองประเทศนี้ อนาคตของชาวไทใหญ่และชาติพันธุ์ก็ยังคงต้องเผชิญกับความรุนแรงและการผลัดถิ่นฐานอยู่ตลอด

ภาพยนตร์เรื่องนี้เล่าเรื่องเกี่ยวกับชายหนุ่มที่หนีจากสงครามมาได้อย่างหวุดหวิด กลับต้องถูกบังคับให้ไปใช้ชีวิตท่ามกลางความขัดแย้งและความรุนแรงอีกครั้ง

This film is set in the border of Myanmar and Northern Thailand. It’s a buffer zone in the Shan State where Shan Refugees, who have fled the ethnic war in Myanmar, live. It’s a self-governing region by the Shan State Army with a mission to liberate the Shan people from Myanmar.

With a long history of war and prejudice between Myanmar and Thailand, the Thai government views Myanmar as a threat to its stability. As Myanmar transitions from military to democratic rule, Thailand goes from democracy to military rule. Stuck in between these two unstable states, the future of the Shan people and other minorities in the region will continue to face violence and displacement without any prospects of relief.

This film is a story about a young man who after barely escaping war, is now forced back into a life of conflict and violence.

ဒီရုပ်ရှင်ဟာ မြန်မာနဲ့ ထိုင်းမြောက်ပိုင်း နယ်စပ်မှာ ရိုက်ကူးထားတာဖြစ်ပါသည်။ ထိုနေရာဟာ မြန်မာပြည်ရဲ့ လူမျိုးစုဒေသတွေမှာ ဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးခဲ့ကြရတဲ့ ရှမ်းမျိုးနွယ်စုတွေအတွက် ခုသာခံသာ ဖြစ်စေတဲ့ ကြားခံနယ်မြေလေးဖြစ်ပါသည်။ မြန်မာနယ်နိမိတ်အတွင်းမှာရှိတဲ့ ရှမ်းမျိုးနွယ်စုတွေရဲ့ လွတ်မြောက်ရေးအတွက်ရည်ရွယ်ထားပြီး ရှမ်းပြည်နယ်စစ်တပ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အောက်မှာ နေရာလည်းဖြစ်ပါသည်။

မြန်မာနဲ့ ထိုင်း နိုင်ငံကြားမှာရှိခဲ့တဲ့ စစ်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းနဲ့ အဃာတတွေကြောင့် ထိုင်းအစိုးရအနေနဲ့က မြန်မာပြည်သည် ထိုင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အဟန့်အတားတခုအဖြစ် ရှုမြင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးဆီ ကူးပြောင်းတဲ့အချိန်မှာ ထိုင်းနိုင်ငံကတော့ ဒီမိုကရေစီစနစ်ကနေ စစ်အုပ်ချုပ်ရေးအောက် တဖန်ပြန်ရောက်ခဲ့ရပြန်ပါတယ်။ ဒီလိုမျိုး မတည်မငြိမ်ဖြစ်နေကြတဲ့ နိုင်ငံနှစ်နိုင်ငံကြားမှာ အဲဒီဒေသမှာရှိကြတဲ့ ရှမ်းမျိုးနွယ်စုတွေနဲ့ တခြား မျိုးနွယ်စုအငယ်တွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက်မဲ့လျက်ရှိပြီး အကြမ်းဖက်မှုတွေနဲ့ အတင်းအဓမ္မနေရာရွှေ့ပြောင်းခံရခြင်းတွေကိုပဲ ဆက်လက်ရင်ဆိုင်နေကြရမှာပါ။

ဒီရုပ်ရှင်ဟာ စစ်ပွဲမှ ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ရုံရှိသေး အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေထဲ ပြန်လည်တွန်းပို့ခြင်း ခံလိုက်ရတဲ့ အမျိုးသားတဦးအကြောင်းဖြစ်ပါတယ်။
.
นนทวัฒน์ นำเบญจพล เกิดในปี พ.ศ. 2526 และเติบโตในกรุงเทพมหานคร เขาเป็นผู้กำกับภาพยนตร์และนักเขียนบทโทรทัศน์ชาวไทยซึ่งเป็นที่รู้จักอย่างกว้างขวางจากผลงานสารคดี

ในปี พ.ศ. 2556 เขาถ่ายภาพยนตร์สารคดีเรื่องแรกคือ ฟ้าต่ำแผ่นดินสูง โดยได้รับทุนสนับสนุนจาก Busan International Film Festival และ Art Network Asia ซึ่งเป็นสารคดีที่นำเสนอให้เห็นมุมมองของคนในชายแดนไทย-กัมพูชา ที่ไม่เคยมีใครเหลียวแลมาก่อน นนทวัฒน์ได้รับรางวัล Young Filmmaker Award จาก Bangkok Critics Assembly และ ฟ้าต่ำแผ่นดินสูง ก็ได้ไปฉายในเทศกาลหนังมากมาย เช่น Berlin International Film Festival, International Documentary Film Festival Amsterdam (IDFA) และ Yamagata International Documentary Film Festival

ปีเดียวกันเขาก็ถ่ายภาพยนตร์เรื่อง สายน้ำติดเชื้อ ซึ่งเป็นสารคดีเรื่องที่สองสำเร็จ เรื่องนี้เป็นเรื่องราวเกี่ยวกับชาวบ้านคลิตี้ที่ได้รับผลกระทบจากน้ำที่ปนเปื้อนสารตะกั่ว เรื่องนี้เป็นภาพยนตร์ไทยเรื่องแรกที่ได้รับรางวัล Special Mention จาก Locarno International Film Festival

ต่อมาในปี พ.ศ. 2559 เขาได้สร้างผลงานสารคดีกึ่งบันเทิงคดีเรื่อง #BKKY ขึ้นมาซึ่งเป็นเรื่องราวของเด็กสาววัยรุ่น “โจโจ้” ที่ตั้งคำถามเกี่ยวกับชีวิตและตัวตน โดยตัวละครโจโจ้เกิดจากการรวบรวมวัยรุ่น 100 คนที่ได้รับการสัมภาษณ์ในกรุงเทพฯ เกี่ยวกับความรัก ความฝัน และการก้าวสู่วัยหนุ่มสาวหลังจบมัธยมปลาย เรื่องนี้เปิดตัวครั้งแรกในปี พ.ศ. 2559 ที่ Busan International Film Festival ก่อนจะได้รับรางวัล Jury Award สาขาภาพยนตร์ขนาดยาวยอดเยี่ยมจาก Lesbisch Schwule Filmtage Hamburg ประเทศเยอรมัน

Nontawat Numbenchapol was born in 1983 and grew up in Bangkok. He is a Thai film director and television screenwriter, who is widely recognized for his documentary work.

In 2013, Numbenchapol finished his first documentary film BOUNDARY, funded by Busan International Film Festival and Art Network Asia. The film depicts the point-of-views of local people at the Thai-Cambodia border that have never been recognized. Numbenchapol received the Young Filmmaker award from the Bangkok Critics Assembly and BOUNDARY screened across many film festivals such as Berlin International Film Festival, International Documentary Film Festival Amsterdam (IDFA), and Yamagata International Documentary Film Festival.

In the same year, Numbenchapol completed his second documentary BY THE RIVER, about the Klity villagers affected by water lead contamination. It became the first Thai film to receive the Special Mention award from the Locarno International Film Festival.

In 2016 Numbenchapol created a hybrid docu-fiction #BKKY, a story of a teenage girl, “Jojo,” questioning life and identity. Jojo’s character is a compilation of 100 teenagers interviewed in Bangkok about their loves and dreams and coming-of-age just after graduating high school. It premiered in October 2016 at the Busan International Film Festival before it received the Jury Award for the best feature-length film from Lesbisch Schwule Filmtage Hamburg, Germany.

Nontawat Numbenchapol ကို ၁၉၈၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဘန်ကောက်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ထိုင်းရုပ်ရှင်ဒါရိုက်တာ နှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတယောက်ဖြစ်ပြီး သူ့ရဲ့မှတ်တမ်းရုပ်ရှင်တွေကြောင့် လူအများရဲ့ အသိအမှတ်ပြုခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ Numbenchapol ဟာ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပြပွဲနှင့် အာရှအနုပညာကွန်ရက်မှ ငွေကြေးထောက်ပံ့ ပေးမှုဖြင့် သူ့ရဲ့ ပထမဆုံး မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “နယ်နိမိတ်” မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။  အဲဒီရုပ်ရှင်သည် လူတွေရဲ့အာရုံစိုက်ခြင်း အသိအမှတ်ပြုခြင်းမခံရတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှ ဒေသခံတွေရဲ့ အမြင်၊ ရှုထောင့်တွေကို သရုပ်ဖော်ထားတာြဖစ်ပါတယ်။ Numbenchapol သည် Bangkok Critics Assembly မှ လူငယ်ရုပ်ရှင်ဖန်တီးသူ ဆုကို လက်ခံရရှိခဲ့ပြီး နယ်နိမိတ် မှတ်တမ်းရုပ်ရှင်သည်လည်း Berlin International Film Festival, International Documentary Film Festival Amsterdam (IDFA) နှင့် Yamagata International Documentary Film Festival ကဲ့သို့သော ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာ ပြသခဲ့ရပါတယ်။

အဲဒီတနှစ်ထဲမှာပဲ Numbenchapol ဟာ သူ့ရဲ့ ဒုတိယမြောက်မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ BY THE RIVER ကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ရေညစ်ညမ်းမှုကြောင့် ထိခိုက်ခံစားရသည့် Klity ရွာသားများအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ Locarno International Film Festival မှ အထူးဆု ပေးအပ်ခြင်းခံရသော ပထမဦးဆုံး သော ထိုင်းရုပ်ရှင်ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ Numbenchapol ဟာ မှတ်တမ်းရုပ်ရှင်နဲ့ စိတ်ကူးယဥ်ဇာတ်လမ်း ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တခု ကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ အဲဒီရုပ်ရှင်ဟာ ဘ၀ နဲ့ ဖြစ်တည်မှုသရုပ်သကန်တွေအကြောင်း မေးခွန်းထုတ်တဲ့ “Jojo” ဆိုတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Jojo ဟာ ဘန်ကောက်မှာရှိတဲ့ အချစ်ရေး၊ စိတ်ကူးအိပ်မက်များ၊ အရွယ်ရောက်လာြခင်းတွေ နဲ့ ပတ်သက်ပြီး အင်တာဗျူးထားတဲ့ အထက်တန်းကျောင်းပြီးကာစ ဆယ်ကျော်သက်အယောက် ၁၀၀ ကို ပေါင်းစပ်ထားတဲ့ ဇာတ်ကောင်တခုဖြစ်ပါတယ်။ Lesbisch Schwule Filmtage Hamburg, Germany ကနေ အကောင်းဆုံး ဇာတ်လမ်းရှည်ရုပ်ရှင်အတွက် ဂျူရီဆုကို မရခင် ၂၀၁၆ အောက်တိုဘာ Busan International Film Festival မှ ပထမဆုံးပွဲအဖြစ် ပြသခဲ့ရပါတယ်။

The Red

The Red
H (2022, Myanmar, 6.05 mins)
Run Time: Feb 1, 21:20
.
หนังเรื่อง “The Red” ฉายให้เห็นภาพของทหารเมียนมาที่ใช้ความรุนแรงและซ้อมทรมานผู้ต้องขังและประชาชนผู้หญิงตั้งแต่เหตุการณ์รัฐประหารเมื่อ 1 กุมภาพันธ์ หญิงสาวที่ยืนหยัดลุกขึ้นสู้เพื่อความจริง ท่ามกลางคืนวันที่นองเลือดไม่ต่างไปจากตกอยู่ในนรก เรื่องนี้เป็นหนังสั้นเรื่องที่ 3 ภายใต้โครงการ “Stop Torture, End Impunity” ที่ทาง AJAR และพันธมิตรได้จัดขึ้นเนื่องในวันช่วยเหลือเหยื่อจากการทรมานสากล

This film called “The Red” shows how the Myanmar military has used torture against women detainees and civilians since the 1 February coup. A young woman is is standing up for the truth. Days of bloodshed in living hell. This is AJAR and its partner’s 3rd film in the “Stop Torture, End Impunity” for International Day in Support of Torture Survivors.

AJAR နှင့် မိတ်ဖက်အဖွဲများ “ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” အတွက် “ညှဉ်းပန်းနှိပ်စက်မှုများချက်ချင်းရပ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဓလေ့အားအဆုံး သတ်” ရုပ်ရှင်ဇာတ်ကားကို ထုတ်လွှင့်လိုက်ပါသည်။ “THE RED” ဤ ရုပ်ရှင်ဇာတ်ကားတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏသိမ်းမှုနောက်ပိုင်း ထိန်းသိမ်းခံရသော အမျိုးသမီးများနှင့် အခြားသော အမျိုးသမီးများအပေါ် အာဏာသိမ်းစစ်တပ်မှ ကျူးလွန်ခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုများအား စုစည်းတင်ပြထာပါသည်။ အမှန်တရားဘက် ရပ်တည်သူ အမျိုးသမီးငယ်တစ်ဦး . . . အပြစ်သားတွေ ဖန်တီးထားတဲ့ လောက ငရဲမှာ သွေးစက်စက်ကျခဲ့သော နေ့ရက်များ . . .
.
*ไม่ประสงค์เปิดเผยข้อมูลผู้กำกับภาพยนตร์/prefer not to share the filmmaker’s bio/ရုပ်ရှင်ရိုက်ကူးသူ၏ ကိုယ်ရေးအကျဉ်းကို မမျှဝေလိုပါ။

Where is My Human Rights?

Where is My Human Rights?
James (2022, Myanmar, 8.10 mins)
Run Time: Feb 5, 20:10
.
บทกวีอันไพเราะที่เกี่ยวกับหญิงสาวชาวโรฮิงญาผู้ที่ถูกพรากสิทธิ์ เสียงสุนทรีย์ที่เรียกร้องความยุติธรรม

A beautiful poem about a young Rohingya woman who lost her human rights. A poetic voice for justice.

ပညာရေး ကျန်းမာရေး လူမှုရေး အစစအရာရာ နောက်ကောက်ကျခဲ့သော ရိုဟင်ဂျာအမျိုးသမီးငယ် တစ်ဦး၏ ကဗျာထဲကဘဝ။ ဘဝထဲက တရားမျှတမှုအတွက်တောင်းဆိုသံတစ်ခု။
.
*ไม่ประสงค์เปิดเผยข้อมูลผู้กำกับภาพยนตร์/prefer not to share the filmmaker’s bio/ရုပ်ရှင်ရိုက်ကူးသူ၏ ကိုယ်ရေးအကျဉ်းကို မမျှဝေလိုပါ။

X Y Z and then A

X Y Z and then A
Creatio (2022, Myanmar, 15.29 mins)
Run Time: Feb 5, 20:20
.
เมียนมาเป็นหนึ่งในประเทศที่มีสงครามกลางเมืองมายาวนานที่สุด กองทัพเมียนมาได้กดขี่ข่มเหงชาติพันธุ์อื่นด้วยความรุนแรงมาเป็นเวลานาน และรัฐคะเรนนีก็ต้องประสบกับปัญหามากมายมาโดยตลอด ในปี พ.ศ. 2539 กองทัพเมียนมาได้ใช้ปฏิบัติการโจมตีอย่างรุนแรง (รู้จักกันดีในชื่อกลยุทธ์ 4 ตัด) ชาวคะเรนนีจำนวนมากได้หนีมายังชายแดนไทยและอาศัยอยู่ในค่ายผู้ลี้ภัยบ้านใหม่นายสอย เมื่อเมียนมาเริ่มเปลี่ยนผ่านสู่ระบอบประชาธิปไตยในปี พ.ศ. 2553 ชาวคะเรนนีเริ่มผ่อนคลายมากขึ้นจากที่สงครามได้ยุติลงชั่วคราว

หลังรัฐประหารในปี พ.ศ. 2564 สงครามก็ปะทุขึ้นอีกครั้งพร้อมกับการปราบปรามผู้เห็นต่างอย่างหนัก และความทุกข์ทรมานของผู้คนก็วนกลับมา สงครามยังไม่มีทีท่าจะสิ้นสุดเป็นเวลากว่า 4 ชั่วอายุคนแล้ว สารคดีเรื่องนี้เล่าถึงครอบครัวชาวคะเรนนีต้องเผชิญกับความยากลำบากจากภาวะสงครามตั้งแต่รุ่น X ถึงรุ่น Alpha โดยเรื่องนี้ได้รับรางวัลชนะเลิศอันดับ 1 ในงาน
‘Peace Documentary Competition’ โดย DVB ในปีที่ผ่านมา

Myanmar is one of the countries with the longest civil war. The Burmese military has been oppressing the ethnic people with weapons for many years. Due to the Burmese military’s violence against ethnic minorities, Karenni State has always faced many problems. In 1996, with the onset of terrorist operations (well known as 4 cut strategies), many local Karenni people fled to the Thai border and are still living in the Bai Nai Mai Soi refugee camp. After the transition to democracy in 2010, the Karenni were relieved as the war stopped temporarily.

However after the military coup in 2021, the war broke out again with terrorist crackdowns, and the suffering increased again. Their war woes have not ended for 4 generations. This documentary is about a family that reflects the hardships faced by Karenni people from generation X to generation Alpha. This documentary won the 1st prize in the ‘Peace Documentary Competition’ by DVB in 2022.

မြန်မာနိုင်ငံသည် ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဗမာစစ်တပ်က တိုင်းရင်းသားလူမျိုးစုတွေကို လက်နက်နဲ့ ဖိနှိပ်နေခြင်းသည် နှစ်ပေါင်းအတော်ကြာပြီဖြစ်ပါသည်။ တိုင်းရင်းသားလူနည်းစုများအပေါ် မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကရင်နီပြည်နယ်သည် ပြဿနာများစွာကို အမြဲတမ်းရင်ဆိုင်ခဲ့ရသည်။ ၁၉၉၆ ခုနှစ်တွင် ဗမာစစ်တပ်မှ အကြမ်းဖက်စစ်ဆင်ရေးများ (ဖြတ်၄ ဖြတ် ဗျူဟာဟု လူသိများ)ပြုလုပ်ခဲ့ကာ ဒေသခံ ကရင်နီလူမျိုးများ အများအပြား ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ကြပြီး ဘိုင်နိုင်းမိုင်းဆွိုင် (Bai Nai Mai Soi) ဒုက္ခသည်စခန်းတွင် နေထိုင်နေကြဆဲဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းပြီးနောက် ကရင်နီပြည်တွင် စစ်ပွဲများ ခေတ္တရပ်သွားသဖြင့် စိတ်သက်သာရာ ရခဲ့သည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများဖြင့် စစ်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး ဒုက္ခများ ထပ်မံတိုးလာခဲ့သည်။ သူတို့ရဲ့ စစ်ပွဲဒုက္ခတွေဟာ မျိုးဆက် ၄ ဆက်တိုင်တိုင် မပြီးဆုံးသေးပါဘူး။ ဤမှတ်တမ်းရုပ်ရှင်သည် ကရင်နီလူမျိုးများ၊  မျိုးဆက်X မှ မျိုးဆက် Alpha ထိ  ကြုံတွေ့နေရသော အခက်အခဲများကို ထင်ဟပ်သည့် မိသားစုတစ်ခုအကြောင်း ဖြစ်ပါသည်။ ဤမှတ်တမ်းရုပ်ရှင်သည် ၂၀၂၂ ခုနှစ်တွင် DVBက ပြုလုပ်ခဲ့သည့် ‘Peace Documentary Competition’ မှာ ပထမဆုရရှိခဲ့ပါသည်။
.
Creatio เป็นผู้กำกับและคนถ่ายภาพยนตร์ในเมียนมาที่ทำงานให้กับลูกค้าทั้งในและต่างประเทศหลากหลายรูปแบบไม่ว่าจะเป็นข่าว สารคดี ภาพยนตร์ มิวสิควิดีโอ และงานความร่วมมือต่างๆ ในปี พ.ศ. 2549 Creatio เข้าร่วมโฮมสตูดิโอท้องถิ่นในฐานะผู้บันทึกเสียงสำหรับ “Family57” ซึ่งเป็นก้าวแรกของเขาในอุตสาหกรรมสื่อเมียนมาก่อนที่จะเฟื่องฟูเหมือนตอนนี้

ในปี พ.ศ. 2556 หนังสั้นเรื่อง FITADI ที่เขาร่วมเขียนบท ถ่าย และร่วมกำกับได้เข้าฉายในงานเปิดของ Human Rights and Human Dignities Films Festival 2014 และเรื่อง Exit ที่เขาเป็นผู้กำกับภาพก็ได้รับรางวัลยอดเยี่ยม Hantharwady U Win Tin Award จากงาน Human Rights Human Dignity International Film Festival (HRHDIFF) และเขาถูกเสนอชื่อเข้าชิงรางวัล Best Cinematography Award ที่งาน Singapore-Myanmar Film Festival 2015 ด้วย ในปี พ.ศ. 2558 เขาได้รับรางวัลที่สองจาก Festival of Photos Reportage and Documentary Films on The People in ASEA Community ที่เวียดนาม และปี พ.ศ. 2559 ภาพยนตร์สารคดีเรื่อง The Danu Land ได้รับเลือกฉายในงาน Human Rights and Human Dignity International Film Festival 2017 และ งาน Docs & Talks International Film Festival 2018 ประเทศเดนมาร์ก

ในปี พ.ศ. 2564 นับตั้งแต่กองทัพเมียนเข้ายึดอำนาจ มีนักข่าวอย่างน้อย 115 คน ถูกจับกุมขณะรายงานข่าวการประท้วงหรือหลังจากถูกติดตามโดยหน่วยข่าวกรอง Creatio ยังคงทำงานถ่ายทอดให้เห็นความโหดร้ายของรัฐประหาร แม้ว่าเขาจะเสี่ยง ถูกบุกค้นบ้านในพม่า และถูกเจ้าหน้าที่ตามหาตัวอยู่หลายครั้ง นอกจากนี้เขายังเป็นหนึ่งในสมาชิกของ Myanmar Film Collective ที่ถ่ายทำภายนตร์เรื่อง Myanmar Diaries ด้วย

Creatio is a filmmaker and cinematographer based in Myanmar working for different local and international clients in different areas from news, documentaries, films, music videos, and Cooperate works. In 2006, Creatio joined a local home studio as a recorder for “Family57” which was his first step in approaching the media industry in Myanmar before it was booming like now.

In 2013 a short film called FITADI, written and co-directed by Creatio, also a cinematographer was screened at the opening of the 2014 Human Rights and Human Dignities Films Festival. In another film called Exit that he worked as a director of photography and won the Hantharwady U Win Tin Award – the best film of the Human Rights Human Dignity International Film Festival (HRHDIFF), and he was nominated for the Best Cinematography Award at the 2015 Singapore-Myanmar Film Festival. In 2015, he won the second prize at the 2015 Festival of Photos Reportage and Documentary Films on The People in ASEA Community in Vietnam. In 2016, a documentary film called The Danu Land was selected for Human Rights and Human Dignity International Film Festival 2017 and also selected for Docs & TalksInternational Film Festival 2018, Denmark.

In 2021, since the military seized the power in Myanmar, at least 115 journalists have been arrested while covering protests or after being tracked down by the intelligence services. Creatio is still filming the atrocities of the coup although he is at risk, being raided in the house in Myanmar, and being searched by the authorities many times. He is also a member of the anonymous Myanmar Film Collective who filmed Myanmar Diaries.

Creatio သည် မြန်မာနိုင်ငံအခြေစိုက် ရုပ်ရှင်ရိုက်ကူးသူဖြစ်သည့်အပြင်  ဓာတ်ပုံဆိုင်ရာ ရုပ်ရှင်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ အလုပ်အပ်တဲ့သူတွေနဲ့ သတင်း၊ မှတ်တမ်းရုပ်ရှင်၊ ရုပ်ရှင်များ၊ တေးဂီတဗီဒီယိုများနှင့် ဒီလိုမတူညီတဲ့ နယ်ပယ်အစုံမှာ အလုပ်လုပ်နေသူဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်တွင် Creatio သည် ပြည်တွင်းက အိမ်တွင်းစတူဒီယိုမှာ “Family57” အတွက် အသံဖမ်းတဲ့သူတစ်ဦးအဖြစ်  ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ အခုလိုတောက်ပတဲ့အချိန်မရောက်ခင် မြန်မာ့မီဒီယာလောကသို့ ချဉ်းကပ်ခဲ့တဲ့ သူရဲ့ ပထမဆုံးခြေလှမ်းဖြစ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်မှာ ဓာတ်ပုံဆိုင်ရာ ရုပ်ရှင်ပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Creatio က ကိုယ်တိုင်ရေးသားပြီး ပူးတွဲဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ FITADI ဟုခေါ်တဲ့ ရုပ်ရှင်တိုတစ်ကားကိုလည်း  ၂၀၁၄ Human Rights and Human Dignities Films Festival မှာ ပြသခဲ့ပါသည်။ နောက်ထပ် Exit ဟု အမည်ပေးထားသည့် ရုပ်ရှင်မှာလည်း ဓာတ်ပုံဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပြီး Hantharwady U Win Tin Award – Human Rights and Human Dignities Films Festival (HRHDIFF) ၏ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပါသည်။ ၂၀၁၅ စင်ကာပူ-မြန်မာ ရုပ်ရှင်ပွဲတော်တွင်လည်း အကောင်းဆုံး ဓာတ်ပုံပိုင်းဆိုင်ရာ ရုပ်ရှင်ထူးချွန်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် 2015 Festival of Photos, Reportage and Documentary Films on  the people in ASEAN Community မှာ  ဒုတိယဆု ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် The Danu Land အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ၂၀၁၇ လူ့အခွင့်အရေးနှင့် Human Rights and Human Dignities Films Festival အတွက် ရွေးချယ်ခံခဲ့ရပြီး၊ ဒိန်းမတ်မှာပြုလုပ်တဲ့၂၀၁၈ Docs & Talks နိုင်ငံတကာရုပ်ရှင်ပွဲတော်အတွက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းထောက်တွေဟာ  ဆန္ဒပြပွဲတွေမှာ သတင်းယူနေစဉ်အတွင်း ဒါမှမဟုတ် ထောက်လှမ်းရေးတွေက ခြေရာခံမိပြီးနောက်တွင် အနည်းဆုံး ၁၁၅ဦးထိ ဖမ်းဆီးခံခဲ့ရပါတယ်။ Creatio သည် အာဏာပိုင်များမှ နေအိမ်ကို ဝင်ရောက်စီးနင်းခြင်း၊ အကြိမ်များစွာ ရှာဖွေခံရခြင်းများ ရှိသော်လည်း၊ အာဏာသိမ်းမှု၏ ရက်စက်ကြမ်းကြုတ်မှုများကို  ဆက်လက်ရိုက်ကူး၊ မှတ်တမ်းတင်နေဆဲဖြစ်ပါသည်။  သူဟာ Myanmar Diaries ရိုက်ကူးနေသည့် အမည်မဖော်တဲ့ Myanmar Film Collective ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။